ဒီတစ်ခေါက်မှာတော့ Pro-Level မဟုတ်တဲ့ Gamer ကွီးတို့တောင်မှ လက်တစ်ဖက်တည်း သုံးပြီး စကေးပြလို့ရမယ့် ပေါ့ပေါ့ပါးပါး Mobile ဂိမ်းလေးတွေကို ညွှန်းပေးချင်ပါတယ်။ ခက်ခဲ့တဲ့ စိန်ခေါ်မှုတွေ ၊ ရှုပ်ထွေးတဲ့ ဂိမ်းစတိုင်တွေ မပါပဲ ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေး ဂိမ်းကစားနိုင်မယ့် ဂိမ်းလေးတွေ ဖြစ်တာကြောင့် ကွီးတို့ စမ်းကြည့်လိုက်ပါဦးနော်။

(၁) Tennis Clash

Photo : Android Authority

Sports ဂိမ်းကြိုက်တဲ့ ကွီးတို့အတွက် လက်တစ်ဖက်တည်း နဲ့ ပေါ့ပေါ့ပါးပါး ကစားလို့ရမယ့် Tennis ဂိမ်းလေး ဖြစ်ပါတယ်။ Graphics ရော Controls ပိုင်းပါ တော်တော်လေး Smooth ဖြစ်ပြီး ဖုန်း Screen ပေါ်မှာ လက်မလေးနဲ့ ပွတ်ဆွဲလိုက်ရုံနဲ့ ရိုးရိုးရှင်းရှင်း ဆော့ကစားလို့ ရမှာ ဖြစ်ပါတယ်။ Tennis ဂိမ်းတွေ ကြိုက်တယ်ဆိုရင်တော့ ဒီဂိမ်းလေးကို ကွီးတို့ စမ်းဆော့ကြည့်လိုက်ပါဦး။

(၂) Whiteout Survival

Photo : Android Authority

ဒီဂိမ်းလေးကတော့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်လေးတွေ များစွာပါတဲ့ မြို့တည်ဆောက်ရေး ဂိမ်းလေး ဖြစ်ပါတယ်။ Clash of Clans အငွေ့အသက်တွေကို ခံစားရမှာ ဖြစ်ပြီး ဂိမ်းထဲမှာ လူသားဇာတ်ကောင်တွေရဲ့ ကြမ်းတမ်းမှုတွေကြားမှာ အသက်ရှင်သန်နေထိုင်ရေး ၊ စားဝတ်နေရေး ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ပါတယ်။ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေနဲ့ ဂိမ်းကို သေချာလေး တည်ဆောက်ထားတာ ဖြစ်ပြီး Pro-Level မဟုတ်တဲ့ Gamer ကွီးတို့ ပေါ့ပေါ့ပါးပါး ဆော့ကစားလို့ရမယ့် ဂိမ်းလေး ဖြစ်ပါတယ်။

(၃) Mekorama

Photo : Android Authority

Puzzle ဂိမ်းကြိုက်တဲ့ ကွီးတို့ကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ Mekorama ဂိမ်းလေးကို ဆော့ကြည့်လိုက်ပါ။ Monument Valley တို့ Lara Croft GO တို့လို Puzzle ဂိမ်းတွေကို သတိရစေမယ့် ဂိမ်းလေးဖြစ်ပြီး သေချာလေး အချိန်ယူကာ Puzzle တွေကို ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ Puzzle တွေကို ခေါင်းအေးအေးနဲ့ အချိန်ယူကာ သေချာဖြေရှင်းရင်း ဆော့ကစားရမှာဖြစ်ပြီး တဆင့်ထက်တဆင့် Level တက်လာလေ ပိုခက်လာလေ ဖြစ်ပါတယ်။

Source : Android Authority

Featured Photo : TapSmart