Royal Special Dry Gin ဟာဆိုရင် Grand Royal Group International ကနေ ထုတ်လုပ်ထားတဲ့ နိုင်ငံတကာအရည်အသွေးမီ Gin ဖြစ်ပါတယ်။ ကြည်လင်တဲ့အရောင်ရှိပြီး ဂျူနီပါ ဘယ်ရီသီးနှင့် အဓိက ပေါင်းခံချက်လုပ်ထားလို့ ချိုမြိန်တဲ့ အရသာနဲ့အတူ စွဲမက်ဖွယ် သင်းပျံ့တဲ့မွှေးရနံ နဲ့ အဆုံးသတ်မှာ ခါးသက်သက် အရသာလေး တွဲပါသောကြောင့် အရသာအာရုံကို နိုးထစေနိုင်တဲ့ အဝင်ကောင်းတဲ့ စွဲမက်ဖွယ် အထိအတွေ့ကို ခံစားရစေမှာ ဖြစ်ပါတယ်။ ရေခဲအေးအေးလေးနဲ့ သကြား၊ သံပုရာသီးတို့နဲ့သာ တွဲဖက်လိုက်မယ်ဆိုရင် အမိုက်စားပြင်းရှရှခံစားချက်ကို ရရှိနိုင်မှာဖြစ်ပြီး လန်းဆန်းစေဖို့ နှစ်သက်ရာ Chaser Drink အဖျော်ယမကာမျိုးစုံနဲ့ တွဲဖက်သောက်သုံးနိုင်ပါတယ်။