အိမ်မှာပဲ Home Gym အသေးစား ဖန်တီးချင်တဲ့ ကွီးတို့အတွက် Smith Machine တစ်လုံးရှိမယ်ဆိုရင် အတော်အသင့် လုံလောက်ပြီလို့ ပြောလို့ရပါတယ်။ Smith Machine နဲ့ ကွီးတို့ရဲ့ ခန္ဓာကိုယ် အပေါ်ပိုင်း ၊ အောက်ပိုင်း ၊ လက်မောင်း ၊ Back ၊ Chest အားလုံးကို ထိထိမိမိ ကစားလို့ ရနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကွီးတို့ အိမ်မှာပဲ Smith Machine နဲ့ ကစားလို့ရမယ့် လေ့ကျင့်ခန်းနည်းတွေကို ပြောပြပေးချင်ပါတယ်။
(၁) Behind The Back Shrug

Photo : BarBend
Behind The Back Shrug က ဂုတ်နဲ့ နောက်ကျောအပေါ်ပိုင်းကို ဆက်ထားတဲ့ Trapezius Muscles တွေအတွက် အထိရောက်ဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။ Shrug လေ့ကျင့်ခန်းက ကိုယ်ဟန်အနေအထားကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ ပခုံးကြွက်သားတွေရဲ့ ကြံ့ခိုင်မှုကို တိုးစေကာ လည်ပင်းတည်ငြိမ်မှုကို ပိုကောင်းစေဖို့ ပံ့ပိုးပေးပါတယ်။
(၂) Smith Machine Bent Over Row

Photo : BarBend
Smith Machine နဲ့ ကွီးတို့ ရဲ့ နောက်ကျောကြွက်သားတွေကို ကျစ်လစ်သန်မာလာစေဖို့ ကစားလို့ရမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ Smith Machine နဲ့ Barbell သုံးပြီး ကစားရတဲ့အတွက် Back နဲ့ Core မာဆယ်တွေကို တည်ဆောက်ရမှာ အတော်လေး ထိရောက်မှု ရှိစေသလို Injury ရနိုင်ခြေလည်း နည်းပါတယ်။
(၃) Inverted Row

Photo : BarBend
Inverted Row ကတော့ Bodyweight Exercise တစ်ခု ဖြစ်ပေမယ့် Smith Machine နဲ့ ကစားဖို့ အသင့်လျော်ဆုံးပါပဲ။ ဒီလေ့ကျင့်ခန်းက Upper Body အတွက် အလွန်ကောင်းပြီး Core ကြွက်သားတွေရဲ့ Strength ကို တက်စေသလို Back ၊ Shoulders နဲ့ Arms Muscles တွေကိုလည်း ထိရောက်မှု ရှိပါတယ်။ Pull-ups မဆွဲနိုင်သေးတဲ့ Beginners တွေအနေနဲ့ Inverted Row ကို ကစားနိုင်ပါတယ်။
(၄) Smith Machine Single-Leg Deadlift

Photo : BarBend
Smith Machine Single-Leg Deadlift လေ့ကျင့်ခန်းက Lower Body ကြွက်သား အစိတ်အပိုင်းတွေကို ထိရောက်မှု အရှိဆုံး ကစားနည်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သားတွေရဲ့ ဟန်ချက်ညီမှုကို တိုးစေပြီး Core Muscles တွေကိုလည်း ကျစ်လစ်သန်မာစေဖို့ ထောက်ပံ့ပေးပါတယ်။
Source : BarBend
Featured Photo : Muscle & Fitness

