ဖက်ရှင်ဆိုတာ အချိန်နဲ့ တပြေးညီ ပြောင်းလဲတိုးတက် နေတာပါ။ ကွီးတို့ ခေတ်နဲ့အညီ ဖက်ရှင် Trend တွေကို သိဖို့လိုသလို ဒိတ်အောက်သွားတဲ့ ဖက်ရှင်စည်းမျဉ်းတွေကိုလည်း လက်ရှောင်ရပါမယ်။ ဒါမှသာ စတိုင် ကျ မိမိုက်တဲ့ ကွီးတစ်ယောက် ဖြစ်နိုင်မှာပါ။ ဒီတစ်ခေါက်မှာတော့ ဖက်ရှင်ဂုရု ကြီးတွေ ပြောပြထားတဲ့ ဆောင်ရန်ရှောင်ရန် ဖက်ရှင်စည်းမျဉ်းတွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) Sandals တွေဝတ်ရင် ဘယ်တော့မှ ခြေအိတ်မစွပ်နဲ့

Photo : Flojos

လက်ရှိ လူငယ်တွေကြားမှာ Socks And Slides ဖက်ရှင် Trend က အရမ်းကို ရေပန်းစားနေတာ တွေ့ရမှာပါ။ လူငယ်လူလတ်ပိုင်းတွေမှာ အများဆုံး ဝတ်ဆင်နေကြပါတယ်။ Slides ကို ခြေအိတ်နဲ့ ဝတ်တာက လူငယ်ဆန်ဆန် စတိုင် ကျတဲ့ Street ဖက်ရှင် Look ကို ရပေမယ့် Sandals တွေနဲ့ ခြေအိတ် တွဲဝတ်ရင်တော့ ကြောင်တောင်တောင်နိုင်ပြီး ကွီးတို့ရဲ့ ဖက်ရှင်က လုံးဝဂွမ်းပါပြီ။

(၁) လိုင်း / အစင်းတွေ ရှုပ်ရှက်ခပ်အောင် မဝတ်ပါနဲ့

Photo : Sqoop

ဒီနောက်ပိုင်း Mixed Prints ဖက်ရှင်တွေ ရေပန်းစားလာတယ် ဆိုပေမယ့် တော်တော်လေးတော့ အန္တရာယ်များတဲ့ ဖက်ရှင်တစ်ခုလို့ ပြောရပါမယ်။ အခြေခံအားဖြင့်တော့ Prints ဖက်ရှင်တွေ ဝတ်တဲ့အခါ လိုင်းတွေ ၊ အစင်းတွေကို ခန္ဓာကိုယ် တစ်ခုတည်းမှာ အပေါ်အောက် တစ်ပြိုက်နက်တည်း ရှုပ်ရှက်ခပ်အောင် မဝတ်သင့်ပါဘူး။ ဖြစ်နိုင်ရင် ရိုးရိုးရှင်းရှင်းနဲ့ ကာလအတွဲအစပ်ညီတဲ့ Prints စတိုင်တစ်ခုချင်းစီကိုပဲ ဝတ်သင့်ပါတယ်။

(၃) Indoors မှာ ဦးထုပ် မဆောင်းပါနဲ့

Photo : Stanton Hats

ကွီးတို့က အနုပညာရှင် ဆယ်လီတစ်ယောက် မဟုတ်ဘူးဆိုရင် Indoors နေရာမှာ ဦးထုပ်တွေကို မဆောင်းသင့်ပါဘူး။ ဦးထုပ်တွေက ကွီးတို့ရဲ့ Outfits ကို ပံ့ပိုးပေးနေတဲ့ ဖက်ရှင် Accessory တစ်ခုဆိုပေမယ့်လည်း Indoors မှာ ဝတ်မယ်ဆိုရင် မျက်လုံးထဲ မြင်ရတာ ကိုးလို့ကန့်လန့် နိုင်ပါတယ်။

(၄) Shoes နဲ့ ခါးပတ် Match ဖြစ်ပါစေ

Photo : Cobbler Union

ဖက်ရှင် Trend တွေ ဘယ်လောက်ပြောင်းပြောင်း မပြောင်းတဲ့ Rule တစ်ခုကတော့ Shoes နဲ့ ခါးပတ် တွေ ဝတ်တဲ့အခါ လိုက်ဖက်မှုရှိဖို့ လိုပါတယ်။ Casual / Formal Dress Codes အလိုက် တွဲဖက်ဝတ်ဆင်မယ့် Shoes နဲ့ ခါးပတ် တွေဟာ Match ဖြစ်နေရမှာပါ။ လိုက်ဖက်မှုမရှိတဲ့ Shoes နဲ့ ခါးပတ် အတွဲအစပ်ကို ဝတ်ဆင်မိရင်တော့ ကွီးတို့ ဖက်ရှင်က လုံးဝ ကြည့်ရဆိုးပြီး စတိုင် မလန်းတဲ့ ဘီးကျဲတစ်ပွေ ဖြစ်သွားပါလိမ့်မယ်။

Source : Lifehacker

Featured Photo : Handmade Hats for Men