များသောအားဖြင့် ရာသီဥတု ပူလေ့ရှိတဲ့ မြန်မာနိုင်ငံမှာတော့ Citrus ရေမွှေးတွေက အသင့်တော်ဆုံး ဖြစ်ပါတယ်။ Orange ၊ Lime ၊ Lemon နဲ့ Grapefruit တို့လို Citrusy Notes တွေနဲ့ Fresh ဖြစ်ဖြစ် လန်းဆန်းသွားတဲ့ ခံစားမှုကို ပေးမယ့် ရေမွှေးတွေ ကြိုက်ရင်တော့ ကွီးတို့ အခုပြောပြမယ့် ရေမွှေးအမျိုးအစားတွေကို ရွေးချယ်သုံးနိုင်ပါတယ်။ လူကြားထဲ ကိုယ့်ရဲ့ ရနံ့က ထင်ပေါ်နေပြီး Compliment ကောင်းကောင်းရနိုင်မယ့် ရေမွှေး တွေဖြစ်လို့ ကွီးတို့ သေချာပေါက် အကြိုက်တွေ့မှာပါ။

(၁) MYSLF Eau De Parfum – Yves Saint Laurent

Photo : Man Of Many

Citrus Fragrances တွေထဲမှာ ယောကျာ်းလေးတိုင်း သုံးဖူးသင့်တဲ့ ရေမွှေးလို့ ပြောရင်တော့ YSL ရဲ့ MYSLF Eau De Parfum ကတော့ ထိပ်ဆုံးကပါပါတယ်။ သူ့ရဲ့ရနံ့က တော်တော်လေး Fresh ဖြစ်ဖြစ်နဲ့ Addictive ဖြစ်စေတဲ့ Scent မျိုးကို ပေးပါတယ်။ လတ်ဆတ်တဲ့ အသီးရနံ့တွေကိုမှ လန်းဆန်းသင်းပျံ့တဲ့ floral ရနံ့တွေနဲ့ ပေါင်းစပ်ဖန်တီးထားတာကြောင့် နွေဦးရာသီနဲ့ ပူအိုက်တဲ့ အချိန်တွေအတွက် အထူးသင့်လျော်ပါတယ်။

(၂) Pacific Chill – Louis Vuitton

Photo : Man Of Many

Mint နဲ့ Citrus ရနံ့တို့ရဲ့ ပေါင်းစပ်မှုက Mojito တစ်ခွက်သောက်လိုက်ရသလို ဆန်းလန်းတဲ့ ခံစားမှုတွေကို ယူဆောင်လာပေမယ့် ရေမွှေးတစ်မျိုးပါ။ Louis Vuitton ရဲ့ Pacific Chill ရေမွှေး အနံ့က ဈေးကြီးကြီး ဘားအကောင်းစားထဲက အေးမြလန်းဆန်းတဲ့ Mojito ကော့လ်တေးတစ်ခွက်ရဲ့ Vibe မျိုးကို ပေးပြီး လတ်ဆတ်တဲ့ Citrusy Notes တွေနဲ့ Fresh ဖြစ်တဲ့ ခံစားမှုကို အချိုးကျကျ ပေါင်းစပ်ဖန်တီးပေးထားပါတယ်။

(၃) Ani X – Nishane

Photo : Man Of Many

Compliment ကောင်းကောင်းရတဲ့ Citrus Fragrance လို့ပြောရင် Nishane ရဲ့ Ani X က ချန်ထားခဲ့လို့ မရပါဘူး။ Opening Notes တွေမှာ ကတည်းက လုံးဝကို လန်းဆန်းတက်ကြွစေမယ့် ခပ်ချိုချိုချဉ်ချဉ် အသီးရနံ့တွေနဲ့ စဖွင့်ထားပြီး နှင်းဆီရဲ့ ဆွဲဆောင်မှုရှိတဲ့ အနံ့နဲ့ ပေါင်းစပ်ပေးထားပါတယ်။ ဒီရေမွှေးက Longest Lasting အရမ်းကောင်းသလို အနံ့ရဲ့ဆွဲဆောင်မှုက တော်တော်လေး Powerful ဖြစ်တာကြောင့် Compliment ကောင်းကောင်းကတော့ သေချာပေါက်ရပါတယ်။

(၄) Neroli Sauvage – Creed

Photo : Man Of Many

Creed ရဲ့ Neroli Sauvageကတော့ ရေမွှေး စဖြန်းလိုက်တဲ့ အချိန်မှာပင် Bergamot နဲ့ Grapefruit ရနံ့တို့ ပေါင်းစပ်ပြီး ထွက်လာတဲ့ အနံ့က တော်တော်လေးကို နှစ်လိုဖွယ်ဖြစ်စရာပါ။ အဲ့ဒီနောက်မှာမှ Fresh ဖြစ်တဲ့ Citrus Notes တွေ ပြေပြေလေး လိုက်လာပြီး Skin ပေါ်မှာ အချိုးညီညီ Pink Lemonade အနံ့လေးက တငွေ့ငွေ့ ပျံ့လွင့်နေမှာ ဖြစ်ပါတယ်။ ပူတဲ့ရာသီမှာ Daily သုံးသေချာပေါက် အဆင်ပြေနိုင်ပေမယ့် Longevity ကတော့ အရမ်းကြီး မကောင်းပါဘူး။ Skin ပေါ်မှာ ၄ – ၆ နာရီလောက်သာ အနံ့စွဲပါတယ်။

Source : Man Of Many

Featured Photo : Man Of Many