အသက်ငယ်ငယ် နှုတ်ခမ်းနီမလေးတွေ ကြားမှာ ရေပန်းစားတဲ့ ကိုကို တစ်ယောက်ဖြစ်ချင်လား ? ဒါဆိုရင်တော့ ကွီးတို့ရဲ့ ဖက်ရှင်ပိုင်းကို K-pop Star တစ်ယောက်လို သေချာလေး အဆင့်မြှင့်တင်ဖို့ လိုပါမယ်။ Korean Style ဖက်ရှင်တွေက ကောင်မလေးတွေကြားမှာပဲ မဟုတ်ပါဘူး။ ဖက်ရှင်ချစ်သူတွေ အားလုံးကြားမှာပါ လူကြိုက်များ ရေပန်းစားတာပါ။ ဘာကြောင့် လူကြိုက်များရလဲဆိုရင် ရိုးရှင်းပေမယ့် ပေါ့ပေါ့ပါးပါးနဲ့ Unique ဖြစ်ပြီး ခေတ်နဲ့ညီတဲ့ Trendy စတိုင်တွေကို ဦးစားပေးထားလို့ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကိုရီးယားကောင်လေးတွေကို ပေါ့ပါးလွတ်လပ်ပြီး စတိုင်ကျမိမိုက်တဲ့ Look ကို ရစေဖို့ ဖက်ရှင် Tips လေးတွေ ပြောပြပေးပါမယ်။

(၁) Big Fit Energy

Photo : Blog | Delivered Korea

လက်ရှိ လူငယ်တွေကြားမှာ Trendy ဖြစ်နေတဲ့ ဖက်ရှင်စတိုင်လို့ ပြောရင် Oversized Clothing တွေက ချန်ထားလို့ မရပါဘူး။ ခပ်ပွပွ Oversized Hoodies တွေ ၊ ပွပွချောင်ချောင် Loose Pants တွေနဲ့ Cropped T-Shirts ၊ Wide Tees တွေလို အဝတ်အစားတွေက ပေါ့ပါးလွတ်လပ်မှု အပြည့်ရှိတဲ့ လူငယ်ဆန်ဆန် ဖက်ရှင် Look ကို ရစေပါတယ်။ ကိုရီးယားကောင်လေးတွေကို လူငယ်ဆန်ပြီး သက်တောင့်သက်သာနဲ့ စတိုင်ကျချင်ရင်တော့ Oversized ဖက်ရှင်တွေသာ ရွေးလိုက်ပါ။

(၂) Clean Office Look

Photo : Blog | Delivered Korea

ရင့်ကျက်တဲ့ မမတွေရော နှုတ်ခမ်းနီမလေးတွေ ပါ ကြွေရတဲ့ ခပ်သန့်သန့် ၊ ခပ်မိုက်မိုက် ကောင်လေး စတိုင်ဖြစ်ပါတယ်။ အဓိကအားဖြင့် Oversized Blazer တွေကို စတိုင်မိမိ ဝတ်ဆင်ရမှာဖြစ်ပြီး Smart-Casual ဖြစ်တာကြောင့် ရုံးတက်ပွဲတက် ဖက်ရှင် အနေနဲ့ ဝတ်မယ်ဆို အဆင်ပြေပါတယ်။ ခပ်မိုက်မိုက် ၊ ခပ်ဟော့ဟော့ကောင်လေး စတိုင် လိုချင်ရင်တော့ ဆွဲကြိုး ၊ လက်ပတ် စတဲ့ Accessories တွေလေးတွေပါ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

(၃) Casual But Cool

Photo : Blog | Delivered Korea

နှုတ်ခမ်းနီမလေးတွေ အသဲစွဲ နာမည်ကြီး Kpop အဖွဲ့ TWS ရဲ့အဖွဲ့ဝင်တွေဖြစ်တဲ့ Shinyu နဲ့ Dohoon တို့လို လူငယ်ဆန်ဆန် ၊ ခပ်မိုက်မိုက် စတိုင်လေးတွေ ဝတ်ချင်တဲ့ ကွီးတို့အတွက်ပါ။ ပေါ့ပါးလွတ်လပ်ပြီး Cool ဖြစ်တဲ့ Sporty Look ကို ပေးတဲ့ ဖက်ရှင်စတိုင်မျိုး ဖြစ်ပါတယ်။ Sports Jersey တွေ ၊ ဦးထုပ် သို့မဟုတ် Beanie တွေ ၊ Loose Shorts တွေနဲ့ Sneakers သို့မဟုတ် Slides တွေကို စတိုင်မိမိ တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။

Source : Blog | Delivered Korea

Featured Photo : Blog | Delivered Korea