မျိုးရိုးဗီဇအရ နဖူးဧရိယာကျယ်ကျယ် ရှိတဲ့ အမျိုးသားတွေ အများကြီး ရှိပါတယ်။ မွေးကတည်းက နဖူးကျယ်တာက ကွီးတို့ အပြစ်မဟုတ်ပေမယ့် ဆံပင်ကေ သေချာရွေးချယ် တက်ရင်တော့ ကွီးတို့ အသက်ကြီးကြီး ဘီးကျဲပုံပေါက်ပြီး ဂွမ်းပါပြီ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ နဖူးပြင်ကျယ် တဲ့ ကွီးတို့အတွက် ထားသင့်တဲ့ အလိုက်ဖက်ဆုံး ဆံပင်စတိုင်အချို့ကို ပြောပြပေးပါမယ်။

(၁) French Crop

Photo : Man of Many

French Crop ကတော့ နဖူးပြင်ကျယ်ပြီး ဘဲဥပုံ ၊ လေးထောင့်စပ်ကျကျနဲ့ ခပ်ဝိုင်းဝိုင်း မျက်နှာကျရှိတဲ့ ကွီးတို့နဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်တစ်ခု ဖြစ်ပါတယ်။ ဘေးနှစ်ဖက်ကို ခပ်ပါးပါး ခပ်သွယ်သွယ် ရှိတ်ထိုးထားပြီး အပေါ်ဆံပင်ကို နဖူးအရှေ့ အတိထားရတဲ့ ပုံစံပါ။ ဒီဆံပင်ကေက ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တယ် ၊ အထာကျတဲ့ Look ကို ပေးပါတယ်။

(၂) Choppy Bangs

Photo : Man of Many

Choppy Bangs ကတော့ လက်တလော TikTok မှာ Trend ဖြစ်နေတဲ့ ဆံပင်စတိုင်တစ်ခု ဖြစ်ပါတယ်။ နဖူးပြင်ကျယ်တဲ့ ‌လူငယ်ပိုင်း အမျိုးသားတွေအနေနဲ့ ရွေးသင့်တဲ့ ဆံပင်စတိုင်ပါ။ ဆံသားကို အလိပ်အခွေပုံစံ ကောက်ပြီး ဆံပင်ရဲ့ အစွန်းအဖျားလေးတွေကို နဖူးဧရိယာပေါ်မှာ ချထားရတာ ဖြစ်ပါတယ်။ လူငယ်ဆန်ဆန်နဲ့ ဆွဲဆောင်မှုရှိတဲ့ ခေတ်သစ် ဆံပင်စတိုင်တွေထဲက တစ်ခုဖြစ်ပြီး Square ၊ Oval နဲ့ Round Shape မျက်နှာကျ ရှိသူတွေ ရွေးချယ်သင့်ပါတယ်။

(၃) Modern Mullet

Photo : Man of Many

ဒီဘက်ခေတ်ရဲ့ အထာကျဆုံး ရေပန်းအစားဆုံး ဆံပင်စတိုင်ကို ပြောပါဆိုရင် Mullet ကေက ချန်ထားလို့ မရပါဘူး။ ဒါပေမယ့် Mullet ဆံပင်စတိုင်ဆိုတာ ၈၀ ခုနှစ်ဝန်းကျင်တွေထဲက ပေါ်ခဲ့တာဖြစ်ပြီး အခုမှ ဖက်ရှင်ရေစီးကြောင်းပေါ်မှာ တဖန်ရေပန်းပြန်စားလာတာပါ။ Mullet ဆံပင်စတိုင်ရဲ့ အဓိက ထူးခြားချက်က အရှေ့ဘက် ဒေါက်နားလေးကိုပဲ ခပ်ပါးပါး ရှိတ်ထိုးထားတာ ဖြစ်ပြီး အပေါ်နဲ့ အနောက်ဆံပင်ကို အရှည်ထားရပါတယ်။ အရှေ့ဆံပင်ကို နဖူးပေါ် အုပ်ပါးပါး ချထားရတာကြောင့် နဖူးပြင် ဧရိယာကို ကျဉ်းသွားစေမှာ ဖြစ်ပါတယ်။ Modern Mullet ဆံပင်ကေက မျက်နှာခပ်ရှည်ရှည် Oblong Shape မျက်နှာကျရှိသူတွေနဲ့ ဘဲဥပုံ မျက်နှာကျရှိသူတွေ ညှပ်သင့်ပါတယ်။

(၄) Curly Taper

Photo : Man of Many

Taper Haircuts တွေ ခေတ်စားနေတာတော့ ကွီးတို့ အားလုံး သိပြီးလောက်ပြီ ထင်ပါတယ်။ Taper Haircuts ရဲ့ သဘောက ဘေးဘက်နဲ့ နောက်ဘက် အဖျားလေးတွေကို ခပ်မှိန်မှိန် ခပ်ပါးပါး ရှိတ်ထိုးထားပြီး အပေါ်ဘက် ဆံပင်ကိုတော့ သေချာလေး ပုံသွင်းပေးရပါတယ်။ Curly Taper ဆံပင်စတိုင်က ဆံသားအကောက်ပုံစံနဲ့ အပေါ်ဆံပင်ကို ခပ်ပွပွ ဖွပြီး ပုံသွင်းပေးရတာ ဖြစ်ပါတယ်။ ဒီဆံပင်ကေက နဖူးပြင်ကျယ်တာကို ဖုံးပေးနိုင်ပြီး ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ဆန် စတိုင်ကျစေမှာ ဖြစ်ပါတယ်။

Source : Man of Many

Featured Photo : Barber’s Take