ဒီရက်ပိုင်း ရာသီဥတုက အတော်ကြီးကို ပူလာပါတယ်။ ကွီးတို့ သိတဲ့အတိုင်း နွေပူပူမှာ ချွေးတရွဲရွဲနဲ့ ခန္ဓာကိုယ်ကနေ အနံ့အသက်ဆိုးတွေလည်း ပိုထွက်တက်ပါတယ်။ ဒါကြောင့် အခုလိုရာသီဟာ တစ်ကိုယ်ရည် သန့်ရှင်းမှုကို အလေးထား လုပ်ဆောင်သင့်သလို တစ်နေ့တာလုံး ကောင်းမွန်တဲ့ ကိုယ်သင်းနံ့လေး မွှေးနေစေဖို့ ရေမွှေးကောင်းကောင်း သုံးပေးသင့်ပါတယ်။ ဒီတစ်ခေါက်မှာတော့ နွေရာသီနဲ့ အလိုက်ဖက်ဆုံး Fresh ရေမွှေး တွေကို ရွေးချယ်ပေးချင်ပါတယ်။

(၁) Le Male – Jean Paul Gaultier

Photo : Man Of Many

နွေရာသီအတွက်ဆို Jean Paul Gaultier ထဲက Le Male ကို သုံးကြည့်ဖို့ ညွှန်းချင်ပါတယ်။ သူ့ရဲ့ အနံ့က တော်တော်လေး Fresh ဖြစ်ပြီး နွေဦးရာသီရဲ့ လွမ်းဆွတ်ဖွယ် Vibe ကိုပေးပါတယ်။ သစ်ကြံပိုးခေါက်နဲ့ လိမ္မော်ပွင့် ရနံ့တို့က စိတ်ကို ကြည်လင်အေးမြစေပြီး နွေပူပူမှာ လန်းဆန်းတက်ကြွနေဖို့ ကူညီပေးနိုင်ပါတယ်။

(၂) Colonia C.L.U.B. – Acqua di Parma

Photo : Man Of Many

နွေရာသီမှာ လန်းဆန်းမှု အပြည့်ရှိစေမယ့် ရေမွှေး လို့ပြောရင် Acqua di Parma ရဲ့ Colonia C.L.U.B. ကတော့ ချန်ထားလို့ မရတာ အမှန်ပါပဲ။ သံပုရာသီးနဲ့ ပန်းရောင်ငရုတ်ကောင်း ရနံ့တွေ ပေါင်းစပ်ပါဝင်ပြီး ပန်းရနံ့ ခပ်သင်းသင်း လွှမ်းခြုံထားပါတယ်။ ပြောရရင် သူ့ရဲ့ရနံ့က အေးအေးငြိမ့်ငြိမ့်လေးနဲ့ ထူးခြားစွဲမက်စရာကောင်းတဲ့ ရနံ့မျိုး ဖြစ်ပါတယ်။

(၃) Invictus Platinum – Paco Rabanne

Photo : Man Of Many

Green Fragrances တွေ ထဲမှာတော့ အကောင်းဆုံးလို့ ပြောလို့ရမယ့် ရေမွှေး ပါ။ Paco Rabanne ရဲ့ Invictus Platinum က Mint နဲ့ Lavender ကို အချိုးကျကျ ပေါင်းစပ်ထားပြီး သူ့အနံ့က တော်တော်လေး မွှေးပေမယ့် အီသွားတာမျိုး မရှိတဲ့အပြင် လတ်ဆတ်တဲ့ Grapefruit အသီးရနံ့ ခပ်ပြေပြေလေး ပါပါတယ်။ ပြောရရင် လုံးဝ Fresh ဖြစ်ပြီး အေးအေးလေးနဲ့ မွှေးတဲ့အတွက် ပူအိုက်တဲ့ နွေရာသီမှာ လန်းဆန်းအေးမြချင်သူတွေ ဆွတ်လို့အရမ်းကို အဆင်ပြေပါတယ်။

(၄) Galloway – Parfums de Marly

Photo : Man Of Many

Citrus ၊ Lavender နဲ့ Ambroxan Notes တွေပါတဲ့ Designer ရေမွှေး ကောင်းကောင်း သုံးချင်ရင်တော့ Parfums de Marly ရဲ့ Galloway ကို ရွေးပါ။ လတ်ဆတ်တဲ့ သစ်သီးရနံ့တွေနဲ့ ဟင်းခတ်အမွှေးအကြိုင်ရနံ့တို့ ခပ်ပါးပါးလေး ပေါင်းစပ်ထားပြီး ပူအိုက်တဲ့ အခုလို နွေရာသီလို ကာလမှာ တော်တော်လေး ဆွဲဆောင်မှု ရှိနေစေမယ့် အနံ့ကို ပေးပါတယ်။ အနံ့စွဲအားလည်းကောင်းတဲ့အတွက် တစ်ခါဆွတ်ထားရင် တစ်နေ့လုံး ရနံ့ခပ်သင်းသင်းလေး စွဲကျန်နေမှာ ဖြစ်ပါတယ်။

Source : Man Of Many

Featured Photo : Craftier Perfumes