Windbreaker Jacket တွေက လက်ရှိ လူငယ်တွေကြားမှာ အရမ်းကို လူကြိုက်များ ရေပန်းစား Trend ဖြစ်တဲ့ ဖက်ရှင်တစ်ခု ဖြစ်နေပါတယ်။ လူကြိုက်များရလောက်အောင်လည်း ဝတ်ရတာပေါ့ပါးပြီး လူငယ်ဆန်သလို ခေတ်ပေါ် Street ဖက်ရှင်တွေနဲ့ပဲ ဝတ်ဝတ် ၊ လူလတ်ပိုင်းတွေအတွက် စမတ်ကျကျပဲ ဝတ်ဝတ် အဆင်ပြေပါတယ်။ တော်တော်များများကတော့ အခုလို မိုးဖွဲဖွဲ ရွာတဲ့ ကာလဆိုရင် Rain Jackets တွေလောက်သာ ဝတ်ဖြစ်ကြတာပါ။ ဒီဆောင်းပါးမှာတော့ မိုးရာသီမှာ Rain Jackets တွေအစား Windbreaker တွေ ဘာကြောင့် ဝတ်သင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) အပေါ်ထပ် ဖက်ရှင်အနေနဲ့ ဝတ်လို့ရတယ်

Photo : Profitiraj.ba

Windbreaker တွေရဲ့ အဓိကအားသာချက်က လူငယ်ဆန်ဆန်နဲ့ ပေါ့ပါးပြီး ဖက်ရှင်ကျစေတာပါ။ ဒါကြောင့် အပေါ်ထပ် ဖက်ရှင်တစ်ခုအနေနဲ့ ရှိုးထုတ်လို့ ကောင်းပါတယ်။ ဘယ်သွားသွား Rain Jackets အလေးကြီးတွေ သယ်မသွားချင်ဘူး ၊ ပေါ့ပေါ့ပါးပါးနဲ့ သယ်သွားလို့ရော ဝတ်လို့ပါ အဆင်ပြေတဲ့ Jackets မျိုး ရွေးချင်တယ်ဆိုရင် Windbreaker တွေက အကောင်းဆုံးပါပဲ။

(၂) ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးတယ်

Photo : Columbia Sportswear

Windbreaker Jacket အများစုက UPF Protection ရပါတယ်။ UPF Protection ဆိုတာ Ultraviolet Protection Factor ကိုခေါ်တာပါ။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ဘယ်လောက်အတိုင်းအတာအထိ တားဆီးကာကွယ်ပေးနိုင်လဲဆိုတာကို တိုင်းတာတဲ့နေရာမှာ အဓိက အသုံးပြုတဲ့ အဆင့်သတ်မှတ်ချက် ဖြစ်ပါတယ်။ ဆိုလိုတာကတော့ Windbreaker Jacket တွေဟာ UPF Protection ရလို့ လေဒဏ်နေဒဏ်ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Waterproof လည်းဖြစ်ပေမယ့် Rain Jackets တွေလိုတော့ မိုးများတဲ့ အချိန်တွေမှာ ရေစိုဒဏ်ကို ကောင်းကောင်း ခံနိုင်မှာ မဟုတ်ပဲ မိုးဖွဲဖွဲ ရွာတဲ့အချိန်တွေလောက်ပဲ အဆင်ပြေပါလိမ့်မယ်။

(၃) အားကစား လုပ်တဲ့အချိန်တွေမှာ ဝတ်လို့အဆင်ပြေတယ်

Photo : Gorewear

မိုးရာသီအတွင်းမှာ Trail Running လုပ်မယ် ၊ Hiking လုပ်မယ် စိတ်ကူးထားရင်တော့ ပေါ့ပါးမှုအပြည့်ရှိတဲ့ Windbreaker Jacket တွေကို ရွေးသင့်ပါတယ်။ လှုပ်လှုပ်ရှားရှား အားကစား လုပ်မယ့်သူတွေအနေနဲ့ လေဒဏ် ၊ မိုးဖွဲဖွဲ ရွာတဲ့ ဒဏ်တွေကို ကာကွယ်မှုရှိဖို့လိုသလို ဝတ်ထားတဲ့ တစ်လျှောက်လုံးမှာ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာ ရှိနေမှလည်း အဆင်ပြေမှာပါ။ ဒီလိုအချက်တွေနဲ့ အကိုက်ညီဆုံးကတော့ Windbreaker Jacket တွေကလွဲရင် မရှိနိုင်တော့ပါဘူး။

(၄) ရာသီမရွေး ဖက်ရှင်ကျကျ ရှိုးထုတ်နိုင်တယ်

Photo : Mehler Systems

Windbreaker တွေကို မိုးရာသီမှ မဟုတ်ပါဘူး။ ဥတုရာသီသုံးပါးလုံးမှာ ဝတ်လို့ အဆင်ပြေပါတယ်။ Windbreaker တွေက ပါးလွှာပြီး ဝတ်ဆင်ရ ပေါ့ပေါ့ပါးပါး ရှိတဲ့အတွက် Daily ဖက်ရှင်တစ်ခုအနေနဲ့ပါ စတိုင်ကျကျ ရှိုးထုတ်ဝတ်ဆင်လို့ ရပါတယ်။

Source : Columbia Sportswear

Featured Photo : ZAJO